μTorrent (ယူတိုးရန့်)

ယူတိုးရန့်လို့ခေါ်တဲ့ ဆော့ဝဲကတော့ BitTorrent ကုမ္ပဏီက ရေးသားထုတ်ဝေထားပြီး သုံးစွဲသူဦးရေပေါင်း ၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီဆော့ဝဲကို သာမန်အားဖြင့် ဖိုင်တွေ ဒေါင်းယူတဲ့ ဆော့ဝဲလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူက ဝက်ဆိုက်တစ်ခုကို သွားရောက်ပြီး ဆော့ဝဲ စသည့် ဖိုင်တစ်ခုခုကို ဒေါင်းယူရတာမျိုးတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ဝက်ဆိုက်တစ်ခုခုအပေါ်မှာ တင်ပေးထားတဲ့ အရာမျိုး မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ ဒါဆို ဘယ်လိုမျိုးလဲမေးမယ်ဆိုရင် ကွန်ပြူတာ သုံးစွဲသူအချင်းချင်း ချိတ်ဆက်ထားတဲ့ ကွန်ရက်မျိုးကို ဆိုလိုတာပါ။ အဲဒီတော့ လိုချင်တဲ့ ဆော့ဝဲ စတဲ့ ဖိုင်တွေဟာ သုံးစွဲသူအချင်းချင်းရဲ့ ကွန်ပြူတာတွေပေါ်မှာပဲ ရှိနေတာကို ဆိုလိုတာပါ။

ဒီ ယူတိုးရန့် ဆော့ဝဲကို မျှဝေတဲ့ အကြောင်းအရင်းကတော့ တခါတလေ ကိုယ်လိုချင်တဲ့ ဆော့ဝဲ၊ ဓာတ်ပုံ စတဲ့ ဖိုင်တွေဟာ အင်တာနက်ဝက်ဆိုက်ပေါ်ကနေ မရနိုင်တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် ဒီ ယူတိုးရန့် ဆော့ဝဲကို အသုံးပြုပြီး Torrent (တိုးရန့်) ဖိုင်တွေ မျှဝေထားတဲ့ ဝက်ဆိုက်တွေကို ရှာဖွေကြရပါတယ်။ အဲလိုဆိုက်တွေထဲက တစ်ခုကတော့ https://thepiratebay.org ပါ။ အဲဒီကို သွားပြီး ကိုယ်လိုချင်တာကို ရိုက်ရှာလိုက်ရင် ကိုယ်ရှာတဲ့ နာမည်နဲ့ ကိုက်ညီတဲ့ စာရင်းကျလာပါလိမ့်မယ်။ အဲဒီမှာ ဒေါင်းယူလို့ရတဲ့ ဖိုင် ၂ မျိုး ရှိတတ်ပါတယ်။ တစ်ခုက တိုးရန့်ဖိုင် အမျိုးအစားဖြစ်ပြီး နောက်တစ်ခုက ဖိုင်ကို ဒေါင်းယူစရာမလိုပဲ ဆော့ဝဲနဲ့ တိုက်ရိုက်ဖွင့်ပေးမယ့် သံလိုက်ပုံစံလေးနဲ့ ဖိုင်အမျိုးအစားပါ။ ကြိုက်ရာကို ဒေါင်းယူလိုက်တာနဲ့ ဆော့ဝဲက စပြီး အဲဒီ မူရင်းဖိုင်ကို စဒေါင်းတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ကိုယ်ဒေါင်းယူမယ့် ဖိုင်ဟာ မျှဝေထားတဲ့ ကွန်ပြူတာတွေ အရေအတွက် နည်းမယ်ဆိုရင်တော့ အချိန်တော်တော်ကြာကြာ စောင့်ရတတ်ပါတယ်။

ကိုယ် ဒေါင်းယူတဲ့ ဖိုင်ဟာ တခြားကွန်ပြူတာကနေတဆင့် လာရောက်ကြတာ ဖြစ်တဲ့အတွက် ကိုယ့်ကွန်ပြူတာမှာ ဗိုင်းရပ်စ် သတ်တဲ့ ဆော့ဝဲကို အသင့်ပြင်ထားဖို့လိုမယ်လို့ အကြံပေးပါရစေနော်။

Download Here