GIMP – ဓာတ်ပုံတည်းဖြတ်သည့် ဆော့ဝဲ

GIMP လို့ အတိုကောက်စာလုံးကို ဂင့်-မ်ပ်လို့ အသံထွက်တာကို သိရပါတယ်။ GNU Image Manipulation Program လို့ အရှည်ရေးထားတာကို တွေ့ရပါတယ်။ ဒီဆော့ဝယ်လေးဟာ Open Source ပါ။ ဆိုလိုတာက ဝယ်စရာမလိုဘဲကို အလကား အသုံးပြုခွင့်ပေးထားတာပါ။

ဒါဆို ဒီဆော့ဝဲက ဘာလုပ်တဲ့ ဆော့ဝဲလဲဆိုရင်တော့ Adobe Photoshop လို ဆော့ဝဲပါလို့ ဖြေလိုက်ရင် သိပြီးသားသူတွေတော့ ရိပ်မိလောက်ပေမယ့် အခုမှ လေ့လာသူတွေ အတွက်ဆိုရင်တော့ ဓာတ်ပုံတည်းဖြတ်တဲ့ ဆော့ဝဲလို့ ပြောချင်ပါတယ်။

Photoshop လိုတော့ Function တွေ အစုံမပါတဲ့အတွက် လုပ်ငန်းကြီး လုပ်သူတွေတော့ ကြိုက်ကြမယ် မထင်ပါဘူး။ ဒါပေမယ့် တစ်ကိုယ်ရည်သုံးအတွက်တော့ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။

စာရေးသူတို့အဖွဲ့လည်း ဒီဆော့ဝဲလေးကို ကိုယ့်ရဲ့ ပရောဂျက်တွေအတွက် စပြီး အသုံးပြုနေပါပြီ။ ဘာဖြစ်လို့ ရွေးချယ် သုံးလာရသလဲဆိုရင်တော့ ကိုယ့်ရဲ့ ပရောဂျက် အခြေခံလိုအပ်ချက်တွေနဲ့ ကိုက်ညီနေလို့ လို့ ဖြေရပါမယ်။

YouTube မှာ အခြေခံလေးတွေ အများအပြာရှိတာဆိုတော့ လေ့လာရတာ လွယ်ကူလာလို့ လမ်းညွှန်လိုက်ရပါတယ်။

https://www.gimp.org