VLC Media Player (သီချင်းနှင့် ဗီဒီယိုများ ကြည့်ရှုနားဆင်နိုင်သည့် Player)

VLC Player သည် Android ဖုန်းများအတွက်သာမကပဲ PC များတွင်လည်း အသုံးများသည့် Player
တစ်ခုဖြစ်ပါသည်။

ဗီဒီယိုများနှင့် Audio Files များကို ကြည့်ရှု့နားဆင်နိုင်သည့်အပြင် DVD ISOs, Mp3, Mp4, Mkv, Avi, Mov, Ogg, Wv, AAC Flac, Vob Format များကို Support လုပ်နိုင်ခြင်းနှင့် Network မှ တိုက်ရိုက်ကြည့်ရှု့နိုင်ခြင်းများကြောင့် ကွန်ပြူတာတွင် အသုံးပြုနေရသလိုပဲ လွယ်ကူပြီး လူသုံးများသည့် Appတစ်ခုဖြစ်ပါသည်။

Play, Pause, Stop, Skip, Edit playback speed, Change the volume စသည်များကို လွယ်ကူစွာ
အသုံးပြုနိုင်ပြီး များစွာသော Skin (ပုံစံပြောင်းလဲရန်)များလည်းပါဝင်ပါသည်။

အသံများကိုထိန်းညှိနိုင်သည့် Equalizer လည်းပါဝင်သဖြင့် သီချင်းများနားဆင်ရာတွင်လည်း
အဆင်ပြေစေမည်ဖြစ်ပါသည်။ Subtitle Files များဖြစ်သည့် SRT များကိုလည်း လွယ်ကူစွာ
ထည့်သွင်းနိုင်ပါသည်။

Auto-rotation (အလိုအလျောက် လှည့်ပေးခြင်း)
Aspect-ratio Adjustments (ဗီဒီယိုများ၏ မျက်နှာပြင်ချိန်ညှိနိုင်ခြင်း)
Gestures to control Volume (လက်ဟန်ခြေဟန်ဖြင့် အသံအတိုးအမြှင့်လုပ်နိုင်ခြင်း)
Brightness (အလင်းအမှောင်ကိုချိန်ညှိနိုင်ခြင်း)

စသည့် Features များပါဝင်ပါသည်။

VLC Media Player သည် ရိုးရှင်းပြီး အသုံးပြုရလွယ်ကူအောင် ဖန်တီးထားသည်မှာ(၁၀)နှစ်
တိုင်အောင်ရှိသွားပြီဖြစ်ပါသည်။ နောက်(၁၀)နှစ်တိုင်သည်အထိ Free Media Player တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါသည်။

File Size : 21 Mb
Direct Link : VLC Media Player
Google Play Store : VLC Media Player