Telegram

Telegram သည် မြန်မာနိုင်ငံတွင် Messenger, Viber, Line, WeChat စသည့် Apps များလောက် အသုံးမများသေးပါ။

သူ့မှာပါဝင်သည့် Feature များမှာတော်တော်လေးစုံလင်ပါသည်။

ကြေးနန်း(Telegram) ဆိုသည့်အတိုင်း ကမ္ဘာတစ်ဝှမ်းသို့ မြန်ဆန်စွာပေးပို့ပေးနိုင်ပါသည်။
အားသာချက်တစ်ခုမှာ မိမိပို့လိုက်သော မက်ဆေ့၊ ဓါတ်ပုံ၊ ဗီဒီယိုများကိုTelegram Cloud တွင်သာသိမ်းဆည်းပေးထားပြီး File Size ကန့်သတ်ထားခြင်းမရှိသည့်အတွက် အလွန်ကောင်းမွန်ပါသည်။

Telegram တွင် ဓါတ်ပုံနှင့် ဗီဒီယိုများကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး Sticker, GIF များကိုလည်း ဖန်တီးပေးပို့နိုင်ပါသည်။

Telegram ၏ အားသာချက် (၈)မျိုးကတော့ –

Edit Message (စာသားများကိုပြန်လည်ပြင်ဆင်နိုင်ခြင်း)
Secret Chats (လျှို့ဝှက်စာပေးပို့နိုင်ခြင်း)
Send Large Files (Maximum 1.5 GB) (ဖိုင်ဆိုက်ကြီးများကို ၁.၅ GB အထိပေးပို့နိုင်ခြင်း)
Watch Youtube Videos While Chatting (စာရိုက်ပြောနေစဉ်တွင် Youtube Video များကြည့်နိုင်ခြင်း)
More Members in a Group (Group တစ်ခုထဲတွင် (၁)သိန်းအထိပါဝင်နိုင်ခြင်း)
“Last Seen” Exceptions (ဘယ်အချိန်တွင် Message ကိုကြည့်ခဲ့သည်ကိုဖော်ပြပေးခြင်း)
Add Stickers to Photos (ဓါတ်ပုံများတွင် Sticker များ ထည့်နိုင်ခြင်း)
Hide Telegram Midea (Gallery ထဲမှ မမြင်လိုသည့်ဓါတ်ပုံများကို ဖျောက်ထားနိုင်ခြင်း)

တို့ပါဝင်ပါတယ်။