Google Translate (ဘာသာပြန်ပေးနိုင်သည့် App)

Google Translate သည် ဘာသာစကား(၅၉)မျိုးကို အင်တာနက်မလိုဘဲ ဘာသာပြန်ပေးနိုင်သည့် Apps တစ်ခုဖြစ်ပါသည်။

စာဖြင့်ရိုက်၍ရှာပါက ဘာသာစကား(၁၀၃)မျိုးကို ဘာသာပြန်ပေးနိုင်ပါသည်။ ကိုယ်လိုချင်သည့်
စကားလုံးပေါ်သို့ Camera နှင့် Scan ဖတ်လိုက်သည်နှင့် ဘာသာစကား(၃၈)မျိုးကို အလိုအလျောက် ဘာသာပြန်ပေးမှာဖြစ်ပါသည်။

အသံစနစ်ဖြင့် ဘာသာပြန်လျှင် ဘာသာစကား(၃၂)မျိုးကို ဘာသာပြန်ပေးနိုင်ပါသည်။

Keyboard မသုံးဘဲ လက်ရေးဖြင့်ရေးထားသော စကားလုံးများကို ဘာသာစကား(၉၃)မျိုးထိ
ဘာသာပြန်နိုင်ပါသည်။

အင်တာနက်အသုံးမပြုဘဲရှာဖွေလိုပါက ဘာသာစကား(၅၉)မျိုးထိ ဘာသာပြန်ပေးနိုင်ပါသည်။
Google Translate ၏ အားသာချက်တစ်ခုမှာ ဘာသာစကားပေါင်းများစွာကို ဘာသာပြန်ပေး
နိုင်ခြင်းဖြစ်ပါသည်။ “Suggest and edit” ကိုနှိပ်၍ မိမိကိုယ်တိုင် ဘာသာပြန်ထည့်သွင်းထား
သည့် စကားလုံး၊ စကားစုကို ရိုက်ထည့်ကာ “Submit” ကိုနှိပ်ပြီး ထည့်သွင်းနိုင်ပါသည်။

တချိ့ဘာသာစကားများကို Translate လုပ်ရာတွင် အဆင်မပြေနိုင်ခြင်းများဖြစ်တတ်ပါသည်။
ဥပမာ – ထိုင်း မှ မြန်မာ၊ အင်္ဂလိပ်မှ မြန်မာသို့ စာကြောင်းများကို ဘာသာပြန်ရာတွင် အစီအစဉ်မကျ ဖြစ်တတ်ပါသည်။

အင်္ဂလိပ် မှ မြန်မာသို့ ဘာသာပြန်လိုပါက အင်တာနက်ဖွင့်ထားရန်လိုအပ်ပါသည်။
Google Translate သည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး App တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း သန်း(၅၀၀၀)ရှိနေသည့် App တစ်ခုဖြစ်သည့်အတွက် ဘာသာပြန်ရန် လိုအပ်ပါက မရှိမဖြစ် လိုအပ်သည့် App တစ်ခုဖြစ်ပါသည်။

File Size : 17 Mb
Direct Link : Google Translate
Google Play Store : Google Translate