Google Duo – High Quality Video Calls (ရုပ်ပုံကြည့်၍ဆက်သွယ်နိုင်ခြင်း)

Google Duo သည် Google မှထုတ်လုပ်ထားသည့် Products များထဲတွင် တစ်ယောက်နှင့်
တစ်ယောက် ဗီဒီယိုခေါ်ဆိုကာ ဆက်သွယ်ပြောဆိုနိုင်သည့် အကောင်းဆုံး App တစ်ခုဖြစ်ပါသည်။

ရိုးရှင်းပြီး အသုံးပြုရလွယ်ကူစေရန် ဖန်တီးထားသည့်အတွက် မိသားစုများနှင့် သူငယ်ချင်းများထံ
တစ်ယောက်နှင့်တစ်ယောက်ကြည့်ရှု့ကာ မြန်ဆန်စွာဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။

ရုပ်ပုံကြည့်၍မဆက်သွယ်လိုပါက အသံဖြင့်လည်း သီးသန့်ဆက်သွယ်ပြောဆိုနိုင်ပါသည်။
ရုပ်ပုံနှင့် အသံကိုကို ကြည်လင်ပြတ်သားစွာ ကြည့်ရှု့နားထောင်နိုင်သည့် High Quality Video Calls
ဖြစ်ခြင်း၊ ခေါ်ဆိုနေစဉ်တွင် မည်သူခေါ်ဆိုနေသည်ကို ကြိုတင်၍ ကြည့်ရှု့နိုင်ခြင်းအချက်မှာ
ကောင်းမွန်သည့် စွမ်းဆောင်ရည်တစ်ခုဖြစ်ပါသည်။

နောက်ထပ်အားသာချက်တစ်ခုမှာ Facebook, Messenger, Skype များကဲ့သို့ Account
သီးသန့်ဖွင့်စရာမလိုဘဲ ဖုန်းနံပါတ်ရှိရုံနှင့် ဆက်သွယ်နိုင်ခြင်းဖြစ်ပါသည်။

ကိုယ်မဆက်သွယ်လိုသော ဖုန်းနံပါတ်များကိုလည်း Block(ဟန့်တား)ထားနိုင်ပြီး တစ်ဖက်လူ
မသိရှိနိုင်စေရန် ဆောင်ရွက်ထားပါသည်။ Block လုပ်ထားသည့် ဖုန်းခေါ်ဆိုနေသည့်အခါတွင်
ဖုန်းမြည်သံကိုသာ ခေါ်ဆိုသူကကြားနေမှာဖြစ်ပါသည်။

ကြည်လင်ပြတ်သားစွာ ကြည့်ရှု့ပြောဆိုနိုင်စေရန် Google Duo သည် မရှိမဖြစ်ဆောင်ထားသင့်သည့် App တစ်ခုဖြစ်ပါသည်။

File Size : 17 Mb
Direct Link : Google Duo – High Quality Video Calls
Google Play Store : Google Duo – High Quality Video Calls