Cam Scanner (ဖုန်းကင်မရာဖြင့် Scan ဖတ်ခြင်း)

Cam Scanner က ဖုန်းကင်မရာကို Scanner တစ်ခုဖြစ်အောင် ပြောင်းလဲကာ စာရွက်စာတမ်းများနှင့်ဓါတ်ပုံများအား JPEG နှင့် PDF များအဖြစ် ပြောင်းလဲသိမ်းဆည်းနိုင်ပါသည်။

User Interface မှာ ရိုးရှင်းပါသည်။ အပေါ်ထောင့်က အစက်ကလေးသုံးစက်ကိုနှိပ်လိုက်ရုံနှင့် Setting, Sync, Sort, View, Cloud Space, Premium Account နှင့် Photo များကိုဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

ရိုက်ကူးလိုက်သော စာရွက်အမျိုးအစားကိုချိန်ညှိနိုင်ခြင်း၊ မလိုအပ်သည့်အပိုင်းများကိုအလိုအလျောက် ဖြတ်ထုတ်ပေးနိုင်ခြင်း၊ Color အရောင်များရွေးချယ်ပေးနိုင်ခြင်း၊ အလင်းအမှောင် ချိန်ညှိနိုင်ခြင်းနှင့် စာမျက်နှာပေါင်းများစွာကို Scan ဖတ်၍ PDF အဖြစ်သိမ်းဆည်းနိုင်ခြင်းများကို လွယ်ကူစွာဆောင် ရွက်နိုင်ပါသည်။

Scan ဖတ်ပြီးသော File များကို စာရွက်အမျိုးအစားများဖြစ်သည့် A4, Legal, A3 စသည်ဖြင့် ရွေးချယ်၍ PDF အဖြစ်သိမ်းဆည်းပေးနိုင်ပြီး လုံခြုံမှုရှိစေရန်အတွက် Password ပေးကာ သိမ်းဆည်းထားနိုင်ပါသည်။

File Size : 23 Mb
Direct Link: Cam Scanner
Google Play Store : Cam Scanner