မြေပုံ အယ်ဒီတာ (Map Editor)
မြေပုံ အယ်ဒီတာလို့ အမည်ပေးထားတဲ့ ဒီဆော့ဝဲကတော့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ သူတွေ၊ မြေပုံပေါ်မှာ မိမိတို့ မှတ်သားချင်တာတွေ ထည့်သွင်းရေးဆွဲပြီး အချင်းချင်း ပြန်လည်မျှဝေသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ တခါတလေ မိမိတို့ မြေပုံပေါ်တွင် အမှတ်အသားလေး ပြုလုပ်ပြီး တခြားသူတယောက်ကို ပြောပြချင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲဒါမျိုးကို ဆော့ဝဲထဲက Adding Marker ဆိုတဲ့ ကဏ္ဍမှာ ပြုလုပ်နိုင်ပါတယ်။ မိမိတို့ သိမ်းဆည်းလိုတဲ့ မြေပုံတည်နေရာကို နှိပ်ကာ ခေါင်းစဉ်ပေးပြီး ထည့်သွင်းမှတ်သားနိုင်ပါတယ်။ စက်ဝိုင်းတွင် အချွန်ပုံစံပါတဲ့ အရောင်ပုံလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နောက်တခုက စက်ဝိုင်းတွင် အချွန်ပါတဲ့ အရောင်ပုံလေးမျိုးနဲ့ မဟုတ်ဘဲ ရိုးရိုးစာသား အနေနဲ့လည်း ထည့်သွင်းမှတ်သားနိုင်ပါတယ်။ အဲဒါမျိုးကို ဆော့ဝဲထဲက Adding Text ကဏ္ဍမှာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ ခေါင်းစဉ်ပေးထားတဲ့ ရိုးရိုးစာသားလေ မြေပုံပေါ်သို့ ရောက်ရှိသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြေပုံပေါ်မှာ မျဉ်းကြောင်းရေးဆွဲနိုင်ပါသေးတယ်။ အဲဒါမျိုးကို Drawing Line ဆိုတဲ့ ကဏ္ဍမှာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မျဉ်းကြောင်ဆွဲပြီးပါက အပေါ်ဖက်တွင်ရှိတဲ့ အမှတ်ခြစ်ကို နှိပ်ပေးဖို့လည်း လိုပါတယ်။ နံပါတ်ပါတဲ့ တိုင်လေးတွေကို ကြာကြာလေးနှိပ်ထားလိုက်ပါက မိမိတို့ ကြိုက်တဲ့ နေရာကို ရွေ့နိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးတခုက ဓာတ်ပုံထည့်သွင်းခြင်းပါ။ မိမိတို့ ကြိုက်နှစ်သက်တဲ့ တည်နေရာကို ထောက်လိုက်ပြီး ဓာတ်ပုံထည့်သွင်းနိုင်ပါတယ်။ Adding Image ဆိုတဲ့ ကဏ္ဍမှာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ စိတ်ကြိုက် မြေပုံပေါ်တွင် ရေးဆွဲခြင်း၊ ဓာတ်ပုံထည့်ခြင်း၊ စာသားထည့်ခြင်း စတဲ့ အလုပ်များပြီးသွားပြီဆိုရင်တော့ Save ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ခေါင်းစဉ်ပေးကာ ဆော့ဝဲတွင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကိုတော့ Save Data (သိမ်းထည်းသည့် အချက်အလက်) ကဏ္ဍမှာ သွားရောက် ကြည့်ရှုနိုင်ပြီ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဆော့ဝဲအချင်းချင်း ကုတ်နံပါတ်များဖြင့် မျှဝေခြင်းတို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဘာစကားကဏ္ဍ ထည့်သွင်းပေးထားပြီး မိမိတို့ ကြိုက်နှစ်သက်ရာ မြန်မာ သို့မဟုတ် အင်္ဂလိပ် ပြောင်းလည်းပြီး အသုံးပြုနိုင်ပါတယ်။ မြေပုံ အယ်ဒီတာဆိုတာကတော့ ဆော့ဝဲကိရိယာသဖွယ် မှတ်ယူနိုင်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ မိမိတို့အတွက်၊ လုပ်ငန်းအတွက် အသုံးဝင်တယ်ဆိုရင် ဘယ်လိုမျိုး အရာတွေ ထည့်သွင်းလုပ်ဆောင် ပေးနိုင်ပါက ဆော့ဝဲမှာ ပိုပြီး အသုံးဝင်နိုင်မယ်ဆိုတဲ့ အကြံဉာဏ်များကိုလည်း စောင့်မျှော်လျှက်ရှိပါကြောင်း ပြောချင်ပါတယ်။ စမ်းသုံးကြည့်ဖို့ အဆင်သင့်ဖြစ်ရင်တော့ အောက်ကလင့်ကနေ ဆော့ဝဲကို ဒေါင်းယူလိုက်ပါ။